Thursday, June 14, 2007

Livingcolor

...အခုတခါ livingcolor ဆိုတဲ့မဂ္ဂဇင်း နဲ့  မိတ်ဆက်ပေးလိုပါတယ် ...livingcolor (မြန်မာလိုနာမည်က) စီးပွား ရေး ကြော်ငြာနှင့်ဈေးဝယ်လမ်းညွန် သတင်းမဂ္ဂဇင်း တဲ့ ပထမတော့ မြန်မာပြည် မှာပဲရှိမှာဖြစ်တဲ့ ကြော်ငြာတွေကို ပိုက်ဆံပေး ကြည့်ရမယ့် မဂ္ဂဇင်းမျိုးပေါ့ လို့  ထင်ခဲ့တာ မှားနေခဲ့တယ်။ မဂ္ဂဇင်းမှာပါတဲ့ ကျွန်တော်စိတ်ကြိုက် အခန်းဂဏ္ဍများက -
- မြန်မာစီးပွားရေးသတင်း
- မျက်နှာဖုံးဆောင်းပါး
- မြန်မာ့စီးပွားရေးမြင်ကွင်း
- မြန်မာ့စီးပွားရေးအမြင်တို့ ဖြစ်ပါတယ်။
အောက်တိုဘာလ ၂၀၀၆ မျက်နှာဖုံးဆောင်းပါး ဂဏ္ဍမှာ မြန်မာနိုင်ငံမှာ ရှိတဲ့ လူမှူ အဖွဲ့ အစည်းများရဲ့ အခန်းကဏ္ဍ အကြောင်းကို ဆွေးနွေးတင်ပြထားတာတွေ့ ရပါတယ်။ မြန်မာပြည် အပြင်က အခေါ် ကတော့ NGO ပေါ့။ အဲဒီ အဖွဲ့ အစည်းပေါင်း ၁၆၄ခု ရှိနေပြီဆို တာသိရတော့ အံ့သြမိပါတယ်။ အဲဒီအဖွဲ့ အစည်းတွေ လွတ်လွတ် လပ်လပ် လှုပ်ရှားနိုင်မနိုင်တော့ ဆောင်းပါးက မရေးထားပါ သို့သော် မြန်မာ့သမိုင်းဝင် YMBA အပါအ၀င် အခုနာမည်ကြီးနေတဲ့ ကျွန်တော့် အကြိုက် နာရေးကူညီမှူအသင်း (၇န်ကုန်) အကြောင်းကိုလည်း အသေးစိတ်ရေးထားတာတွေ့ ခဲ့ရပါတယ်။ ကုန်ဈေးနှုံး ဆောင်းပါးက ကုန်ဈေးနှုံးတွေကို ကြည့်ပြီး မြန်မာပြည်သူတွေရဲ့ ကျပ်တည်းတဲ့ ဘ၀ကို ကိုယ်ချင်းစာနိုင်၊ သူတို့ရဲ့ကျပ်တည်းတဲ့ဘ၀တွေကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်စေပါတယ်။ နောက် မဂ္ဂဇင်းထဲ ကြော်ငြာထည့်ထားတဲ့ ကြော်ငြာတွေကြည့်ပြီး မြန်မာပြည်က အထက်တန်း စားတွေ ဘာတွေသုံးနေကြပြီ ဆိုတာကိုလည်း ခန့် မှန်းနိုင်လို့  Livingcolor ကအခုလောလောဆည်တော့ ကျွန်တော် အကြိုက်ဆုံး မဂ္ဂဇင်းတခုပါပဲ။ Livingcolor ကိုတည်ထောင်ပြီး စီမံခန့် ခွဲ နေသူများက board of directors of Myanmar Partners Think Tank Group တဲ့။ (အခုတော့သတိထားမိတယ် Livingcolor က အမှန်တရားကို အနီးကပ်ဆုံး ရေးသား တင်ပြလို့ ထင်တယ် မကြာခဏ အပိတ်ခံရတတ်ပါတယ်)

No comments: